Basic HTML

Monday, November 26, 2012

ကျောင်းသား ဆန္ဒ

အရည်အချင်းဆိုတာ အလကား
rollcall ကိုဦးထိပ်ထားလို့ 
ငါ တို့ ရဲ့ စိတ်တံခါးက
လွင့် ကျလာမဲ့ 
လုပ်နိုင်စွမ်းတွေကို ပိတ်ထားမှတော့ 
အင်ဂျင်နီယာ ကျောင်းသားဘဝ
သူတောင်းစားကမှ သာဦးမယ်...

လက်တွေ့ မရှိ
သီအိုရီမသိဘဲ
စမ်းတဝါးဝါးနဲ့ 
လမ်းသလားနေရတဲ့ 
ကျောင်းသားဘဝ
ဘယ်တော့ မှကောင်းစားကြမှာလဲ...

ငါတို့ ရဲ့ အိမ်မက်တွေကိုရိုက်ချိုးသွားတဲ့ 
ပညာရေးစနစ်ဆိုး
ဒီမိုကရေစီ ခေတ်သစ်မှာ တစ်ဆစ်ချိုးလို့ 
ဇက်ကျိုးနေတဲ့ ငါတို့ ရဲ့ အိမ်မက်တွေ
သက်ဝင်လို့ နိုးမဲ့ တနေ့ 
အောင်မြင်မှူပန်းတိုင်ကို
ခနလောက်ဖြစ်ဖြစ်လှမ်းကိုင်ချင်သေးတယ်...

No comments:

Post a Comment